|
ဆန်ဖရန်စစ္စကိုမြို့ 
မြန်မာပြည်မုန်တိုင်းအလွန် လှုပ်ရှားမှုများ
မိခင်များနေ့ First Baptist Burmese Church, Mother day
မြန်မာအသင်းတော် ၈ ပါး အတူဝတ်ပြု ဆုတောင်းပွဲ
ဆန်ဖရန်စစ္စကို ။ ၃-မေ နှင့် ၁၁-မေ-၂၀၀၈
အမေရိကန်တ၀ှမ်းတွင် မြန်မာပြည် လူသိန်းချီသေဆုံးပြီး။ သန်းနှင့်ချီသော
ဒုက္ခသည်များအတွက် ဆုတောင်းခြင်း၊ အရေးဆိုခြင်း၊ အလှူငွေကောက်ခံပေးပို
့ခြင်း နှင့် အထိရောက်ဆုံးသောနည်းဖြစ်သည့် ကိုယ်စားလှယ်
စေလွတ်ခြင်းများကို လုပ်ဆောင်နေကြပါသည်၊ မြန်မာခရစ်ယာန်
အသင်းတော်များနှင့် ဖဲလိုးရှစ်များလည်း အလှူငွေကောက်ခံ၊ ပေးပို
့ခြင်းကို အားတက်သရော လုပ်ကိုင်လျက်ရှိပါသည်၊
နယူယောက် မြန်မာနှစ်ခြင်းအသင်းတော်မှ သတင်းအရ မြန်မာ ခရစ်ယာန်ဆရာ ၃
ပါးသည် အမြန်ဆုံး မြန်မာပြည်သို့ ပြန်ပြီး
မုန်တိုင်းအလွန်ကယ်ဆယ်ရေးလုပ်သူများနှင့်
အတူပါဝင်လုပ်ဆောင်လေ့လာကြမည်ဟုသိရသည်။ ကိုယ်တိုင်သွားရောက်ပြီး
တကယ်ထိရောက်စွာ လုပ်သူများနှင့် Network များဖန်တီးထားပြီး
အမေရိကန်နိုင်ငံပြန်လာမည်။ နောက်နောင် လနှင့်ချီသော ရေရှည်
ပြန်လည်ပျိုးထောင်ရေးများကိုပါ စနစ်တကျ ကူညီလုပ်ဆောင်ရေးအတွက်
ရည်မှန်းသည်ဟု သိရပါသည်။ အလားတူ ဆန်ဖရန်စစ္စကိုမြို့ တွင်လည်း
မုန်တိုင်ကျပြီး ၂ရက်အတွင်း မြန်မာအုပ်စု ၂၀ကျော် ဆန်ဟိုဆေး
ဘုန်ကြီးကျောင်းတွင် တွေ့ ဆုံရာတွင်လည်း
ခရစ်ယာန်များကိုယ်စားပြုသောအမျိုးသမီးက မိမိတို့ လည်း အလှူခံခြင်း၊
ငွေပို့ ပေးခြင်း၊ ဖုန်းဆက်မေးမြန်းအားပေးခြင်းများ လုပ်ဆောင်နေကြောင်း
ပြောကြားသွားခဲ့ပါသည်။ ဆန်ဖရန်စစ္စကို First Burmese Church တနင်္ဂနွေ
မိခင်များနေ့  ၀တ်ပြုကိုကွယ်ခြင်းတွင်လည်း အသင်းတော်များမှ ၃ ဦးခန့် 
မြန်မာပြည်သို့ ပြန်ပြီး ကယ်ဆယ်ရေးလုပ်အားပေးသူများနှင့်
ပူပေါင်းကူညီရန် စီစဉ်နေသည်ဟု သိရသည်။ မြန်မာပြည်တွင်
နိုင်ငံခြား ပတ်စ်ပို့ များကို VISA ခေတ္တရပ်ဆိုင်းထားသောကြောင့်
စင်ကာပူ အသင်းတော်များကိုယ်စား
www.jbcs.org.sg မှ ဥက္ကဌ အဖွဲ့  ၁၂-မေ ရန်ကုန်အရင်ရောက်သွားပြီး၊
သင်းအုပ်ဆရာဗုတ် Rev. Augustus ဦးဆောင်သော ၁၀ဦးအဖွဲ့ 
(မြန်မာ ပတ်စ်ပို့ ကိုင်ဆောင်ထားသူများ) ဗုဒ္ဒဟူးနေ့ တွင်
ထွက်ခွာမည်ဟုသိရသည်။ ၁၂ရက်-မေလ ည၇နာရီက စင်ကာပူ
မြန်မာအသင်းတော်များနှင့် အခြား လူမျိုးခြားအသင်းတော်များစုပေါင်း
ဆုတောင်ပွဲကို စိန့် အင်ဒရူး အင်္ဂလီကန်ချပ်ခ်ျ တွင်
ပြုလုပ်သွားခဲ့ပါသည်၊
Burmese Churches in USA are orgnaizing to send US based church
members and collect donation. (Click here to Burmese Church links).
NY Baptist Church is planing 3 Burmese pastors and S.F First Burmese
Church also planing 3 members to send to Myanmar.. It is
difficult to get VISA for foreigners and Myanmar Passport holders
has chance to help Cyclone victims.. Singapore based
Judson Church www.jbcs.org.sg
president team already arrived Yangon on 12-May and Pastor Rev. Saw
Augustu and 10 members team is packing donated materials for 14-May
trip to Yangon and affected Irrawaddy delta. Interesting party
can contact via
www.burmesebible.com/judson or
burmesebible@gmail.com
PRAY for VICTIMS and Rescue Teams inside Myanmar and
Overseas...
မိခင်များနေ့ First
Baptist Burmese Church, Mother day
၁၁-မေလ-၂၀၀၈

မိခင်များနေ့  ဂုဏ်ပြု ကိုးကွယ်ဝတ်ပြုခြင်းကို ကမ္ဘာတ၀ှမ်း
လုပ်ဆောင်ရာတွင် ဆန်ဖရန်စစ္စကို First Burmese Church
www.fbbcsforg တွင် ရှော်လမုန်မင်းကြီး မိခင်အစစ်အမှန်ကို ပညာရှိစွာ
ဆုံးဖြတ်ပြသော တခန်းရပ် ပြဇတ်ကလေးငြေ့် သရုပ်ဖေါ်ပြီး မိခင်များကို
ဂုဏ်ပြုခဲ့ပါသည်၊ မိခင်များအားလုံးကိုလည်း စုစည်းအမှတ်တရ ဓါတ်ပုံရိုက်၊
ကြွေးမွေးခြင်းများခြင့် မိတဟာရပြုခဲ့ပါသည်။
မြန်မာအသင်းတော် ၈
ပါး အတူဝတ်ပြု ဆုတောင်းပွဲ
8-May-2008 (Fremont Church)
ဆန်ဖရန်စစ္စကိုတွင်ရှိသော မြန်မာခရစ်ယာန် (၈)ပါး တွေ့ ဆုံ၊
စုပေါင်းဝတ်ပြု ခြင်းကို ဖရီးမောင့်မြန်မာအသင်းတော်တွင်ပြုလုပ်ရာ
မိတ်ဆွေ ၃၀၀ ကျော် လာရောက်ခဲ့ကြပါသည်။ အသင်းတော် အားလုံးစုပေါင်း
သီဆိုချီးမွမ်းခြင်း။ တရားဒေသနာဝေငှခြင်းကို ပြုလုပ်နိုင်ခဲ့ပါသည်။
ဆန်ဖရန်စစ္စကိုတွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး
နှစ်စဉ်လုပ်ဆောင်နိုင်ရန် ဆုတောင်းပေးခြင်းလိုအပ်ပါသည်။

Triditional Dance from First Burmese Church (S.F)
နိုးကြားရေးအစီအစဉ်ကို ညနေ ၅ နာရီမှ ည ၉နာရီအထိ ပြုလုပ်ခဲ့ပါသည်၊ Chair
Person ကိုအောင်ချိုရှင် (Aung Thu Shinn) ဖြစ်ပြီး အိမ်ရှင်
အမေရိကန်အသင်းတော်မှ ဆရာကြွရောက် အဖွင့်နှင့်
လူများစွာလာရောက်ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ၀မ်းမြောက်အားရကြောင်း
ပြောကြားသွားပါသည်။ ဆရာတော် လတ်ရီရှေး Rev. Latt Yishey
အဖွင့်အမှာစကား, ဆရာဦးဘရွေ၊ David Winson၊ ဆရာဦးဘရွေ၊
ဦးစောကျော်မြင့် နှုတ်ခွန်းဆက်စကား၊ First Burmese Baptist
Church, SF Team triditional dance သခင်သုံးလျင် & youth song,
Oakland Youth media team, San Jose praise and worship(ဆန်ဟိုဆေး),
OBMBC Oakland မှ ပြဇတ်တိုဖြင့်ဖြေဖျော်ခဲ့ပါသည်။

Group Praise and Worship
ဆရာတော် ၄ ပါးမှ တရားဒေသနာများကို တိုက်ကြွေးပါသည်။ အင်္ဂလိပ်အစီအစဉ်အဖွဲ
့သီးသန့် ခွဲထုတ်ပြီး ဆရာ Rev. Lone-Wah Lazum မှ REVIVAL: "Here I am"
ဟောကြားသွားသည်။ မြန်မာအစီအစဉ်တွင် သဘာပတိအဖြစ် ဦးမြအေးက
လုပ်ဆောင်ပြီး ဆရာတော် လတ်ရီဆေး ၏ အချိန်မနှောင်းခင်
နိုးထကြပါ REVIVAL: "Wake Up - Before It's Too Late" တရားဒေသနာ၊
တရာဒေသနာ၊ ဆရာတော် လဖိုင်ဇော်ရာ ၏ နိုးကြားမှအသက်ရှင်မည်
REVIVAL: "Key to Survival" တရားဒေသနာ၊ ဆရာတော် ဦးမျိုးဆက်၏
ဘရားရှင်၏စိန်ခေါ်သံနှင့်ဂတိတော် REVIVAL: "God's Challenge and
His Promis" တရားဒေသနာ တို့ ဖြစ်ပါသည်။

Media Team from
Okaland
တခန်းရပ်ပြဇတ်တို
"Turn Around" OBMBC Oaklan Youth
အင်မတန်စိတ်ဝင်စားစရာကောင်းပါတယ်။ အင်တာနက် YouTube မှာတင်ထားလို
့သိပ်ကောင်းမဲ့ ၁၀မိနစ် တေးဂီတ ဒရမ်မာလေးပါပဲ၊ Suiside, Sex, Drug,
စတဲ့ ဆိုင်ဘုတ်များကိုလည်စည်ထားတဲ့ မဲမဲရောင်
မကောင်းဆိုးဝါးမျက်နှာများနဲ့ ထွက်လာပြီး မိန်မငယ်လေးဟာ
အဲဒီမကောင်းဆိုးဝါးတွေရဲ့ ၀ိုင်ကြီးပတ်ပတ် ဒူဝေေ၀ ကြားမှာ
အော်ဟစ်နေရရှာတယ်၊ အဖြူရောင်ဝတ်ထားတဲ့ အမျိုးသမီးအုပ်စုက ကယ်ဖို
့လက်လှမ်းပေမဲ့မမှီတော့ပါ၊ ကျဆုံးလဲကျသွားတဲ့ မိန်မငယ်လေးရဲ့
ခန္ထာကိုယ်ပဲ ကောက်ယူပြီး ၀မ်းနည်းခဲ့ရတယ်။ နောက် သွတ်လတ်ဖြတ်လတ်တဲ့
မိန်မငယ်တဦးရောက်လာပြီး ဒီမကောင်းဆိုးဝါးတွေကို သွာပြီး
တိုက်ထုတ်ရမယ်ပြောတယ်၊ ပြီးတော့ သူတယောက်ထဲ့ အဲဒီ
မကောင်းဆိုးဝါးအုပ်စုဆီသွားတော့ မကောင်းဆိုးဝါးတွေနဲ့ မိတ်ဆွေဖွဲ
့ဖြစ်တယ်။ နောက်ဆုံး Suiside မကောင်းဆိုးဝါးအလှည့်ရောက်တော့
ဒီမိန်ကလေးကို အားလုံးက ၀ိုင်လိုက်ပြီး
ဝိုင်းကြီးပတ်ပတ်လုပ်လိုက်ကြတယ်၊ အဲဒီတော့မှ ပျော်နေတဲ့ မိန်းကလေးဟာ
အ၀ိုင်းခံရတဲ့ မကောင်းဆိုးဝါးကြားမှာ အော်ဟစ်ငိုယိုနေရရှာတယ်။

အဖြူရောင်း မိန်ကလေး သူငယ်ချင်းအုပ်စုကလည်း ကြိုးစားပေမဲ့ မကယ်နိုင်ပါ။
သူတို့ လုပ်နိုင်တာကတော့ အုပ်စုလိုက်ဝိုင်ဖွဲ့ ဆုတောင်းပေးရုံပါပဲ၊
သိပ်မကြာခင်မှာ ပရိတ်သတ်ထဲက အဖြူရောင်ဝတ်ထားတဲ့ လူငယ်တယောက်
ခုန်ပေါက်ပြေးလာပြီး မိန်းမငယ်လေးကို မကောင်းဆိုးဝါးတွေလက်ထဲကလုယူ
အနိုင်ယူပြီး၊ မိန်ကလေးအုပ်စုဆီ ပြန်ပို့ ပေးလိုက်ပါတယ်၊
အဖြူရောင်ဝတ်မိန်းကလေးများက "Trun Around"
တေးသရုပ်ဖေါ်သီဆိုချီးမွမ်းရင်း အဆုံးသတ်ထားပါတယ်
အလှူတော်ငွေဆပ်ကပ်ခြင်း (အလှူငွေ ၂၈၀၀ ကျော်) အတွက် ဦးဂါရစ်လော Dr.
Garrick Law က ဆုတောင်းဆပ်ကပ်ပေးပြီး၊ ဆရာတော် Rev. Herald Hu မှ
ကောင်းချီးပေးပြီး နိုးကြားခြင်းအစီအစဉ်ကို အဆုံးသတ်ခဲ့ပါသည်။

ရုပ်ပုံများအတွက် Revival08 Blog:
http://revival2008.blogspot.com အဇွဲ
့ကို ကျေးဇူးတင်ပါတယ်။
Revival 2008 Sponsored Organizations
Website:
http://revival2008.blogspot.com
Burmese Christian
Links - Click Here
Myanmar Audio Semons

www.BurmeseBible.com
|